Intro to Resilience Maritime LQ Office
0 (0 Likes / 0 Dislikes)
ကျွန်တော်တို့တွေဟာ အန္တရာယ်မကင်းတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြရတာပါ။
မိမိကိုယ်တိုင်အပါအ၀င်၊ မိမိရဲ့အသင်းအဖွဲ့နဲ့ မိမိပတ်ဝန်းကျင်ကိုပါ အန္တရာယ်ကင်းရှင်းစေဖို့က အားလုံးရဲ့တာဝန်ပါ။
ခုဖော်ပြမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ချက်တွေက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက် များစွာအထောက်အကူ ဖြစ်စေမှာပါ။
Resilience (တုံ့ပြန်နိုင်စွမ်း) ဆိုတာက တစ်စုံတစ်ခုသော ဖိအားအပေါ် တန်ပြန်တုံ့ပြန်နိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာပါ။
ခုဖော်ပြမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်ချက်တွေက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက် များစွာအထောက်အကူ ဖြစ်စေမှာပါ။
ဒီအတွက်ကြောင့် Resilience ရဲ့ လုပ်ဆောင်မှုတွေဟာ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနဲ့ သက်ဆိုင်သွားပါတယ်။
လုပ်ငန်းခွင်အတွင်းက စိန်ခေါ်မှုတွေ ပြဿနာတွေဟာ လူတွေအတွက် ဖိအားတွေဖြစ်စေပြီး
အဲ့ဒီဖိအားတွေကို ဦးနှောက်နဲ့ ခန္ဓာကိုယ်က တုံ့ပြန်ရပါတယ်။
ဖိအားသက်ရောက်မှုတွေ အရမ်းများလာတဲ့အခါ ဦးနှောက်က ၎င်းဖိအားတွေကို သတင်းပေးချက်တွေအဖြစ် ပြောင်းလဲလိုက်ပြီး
ခန္ဓာကိုယ်က ဦးနှောက်ရဲ့ သတင်းပေး သတိပေးချက်တွေအပေါ် ပြန်လည်တုံ့ပြန်ပါတယ်။
အဲ့ဒီလို ဦးနှောက်နဲ့ ခန္ဓာကိုယ်တို့ ပူးပေါင်းလုပ်ဆောင်မှုက လူသားတွေကို အန္တရာယ်တွေထံကနေ လွတ်မြောက်စေ နိုင်ပါတယ်။
စဉ်းစားချိန်မရှိပဲ ရုတ်တရက် ဆုံးဖြတ်ပြီး အကောင်းဆုံးတုံ့ပြန်တာမျိုးကို ဆိုလိုတာပါ။